စစ်ကိုင်းတိုင်းဒေသကြီး

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကျင်းပ

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဇွန်လ ၂၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

မော်လိုက်မြို့၌ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသာအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ နံနက်(၇)နာရီအချိန်က အ.မ.က(၁)ကျောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့်နောက်ဆုံးနေ့ အထွေ‌ ထွေ သိပ္ပံဘာသာရပ် စာမေးပွဲကျင်းပ

စစ်ကိုင်တိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြိုနယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကို ဇွန်လ ၂၀ ရက်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အ‌ခြေခံပညာအလယ်တန်း ကျောင်းတွင်ဖြေဆိုခဲ့ကြောင်းသိရသည်။

မြင်းမူမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်‌ရှောက်မှုပေး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံးဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ်မိုးရာသီစိုက်ပျိုးသော မိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီး ဟင်းရွက်နှင့် အခြားသီးနှံများစိုက်ပျိုးကြရာ မိုးမြေပဲ စိုက်ခင်းများ အောင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကန့်ဘလူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နတ်ပေးကျေးရွာအုပ်စု ငါတို့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးသီးနှံ (မြေပဲ၊ နေကြာ၊ ပြောင်း) ဝင်ငွေတိုးစိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ဇွန် ၂၁ ရက်နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၌ သမဝါယမဦးစီးဌာနအနေဖြင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် စနစ်ကျသောမွေးမြူရေး လုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမကဏ္ဍမှ ကုန်ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ဟုမ္မလင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မွေးမြူရေးလုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး မုံရွာမြို့ရှိ ချင်းတွင်းမြစ်တာဘောင်များ ကြံ့ခိုင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် မိုးရာသီကာလတွင် ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် မုံရွာမြို့အား ရေကြီးရေလျှံမှုမဖြစ် ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှု၊ အမြန်ရေယာဉ် Speed Boat များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှု၊ ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များဖြင့် ကာရံနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ကျွန်းလှမြို့နယ်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၆ - ၂၀‌၂၇ ပညာသင်နှစ်၊ Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ဇွန် ၁၅ ရက်နေ့က စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး