ခန္တီးမြို့တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက် နေ့တွင်ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပြန်လည်ဖြေဆိုရမည်ဖြစ်ရာ ခန္တီးမြို့နယ်အနေဖြင့် အဆိုပါစာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။