ထီးချိုင့် ဇွန် ၂၂
စစ်ကိုင်တိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြိုနယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲကို ဇွန်လ ၂၀ ရက်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအလယ်တန်း ကျောင်းတွင်ဖြေဆိုခဲ့ကြောင်းသိရသည်။
အထူးအစီအစဉ်ဖြင့် ထီးချိုင်မြို့နယ်၌ Grade(6)ဖြေဆိုသူ(၄၇၁)ဦး ပျက်ကွက် (၆၄)ဦး၊ Grade(7)ဖြေဆိုသူ(၄၃၇)ဦး ပျက်ကွက်(၆၆)ဦး၊ Grade(8)ဖြေဆိုသူ(၄၆၀)ဦး ပျက်ကွက်(၅၅)ဦး စုစုပေါင်းဖြေဆိုသူ(၁၃၆၈)ဦး ပျက်ကွက် (၁၈၅)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရပါသည်။
အဆိုပါစာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံခန်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဇော်လင်း၊ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး မြင့်သိန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများမှအနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
ရဲလင်းထွန်း(ထီးချိုင်)