မော်လိုက် ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် အမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသာအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့ နံနက်(၇)နာရီအချိန်က အ.မ.က(၁)ကျောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဇော်သန်းထိုက် ကပျိုးပင်များကို ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်ဒေါ်ကျော့ကေခိုင်ထံသို့ ပေးအပ်ခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ကျော့ကေခိုင် နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုဝေတို့က ဌာနဆိုင်ရာများကို ပျိုးပင်များပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာမများ စုစုပေါင်း(၁၀၀)ဦးတို့ဖြင့် ကျွန်း(၅၀)နှင့် ပိတောက်(၅၀)ပင်တို့ကို စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ကိုထက်(ပြန်/ဆက်)