ကျွန်းလှ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ဇွန် ၁၅ ရက်နေ့က စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အေးချမ်းစွာဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement Test စာမေးပွဲဖြေဆိုရန် မူလတန်းနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၉၈ ဦးရှိသည့်အနက် ကျောင်းသား ၃၆ ဦး၊ ကျောင်းသူ ၄၈ ဦး၊ စုစုပေါင်း ၈၄ ဦး ၈၅ ဒသမ ၇၁ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို