မြင်းမူမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မြင်းမူ ဇွန် ၂၂

မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြင်းမူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးက သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား မီးငြှိမ်းသတ်ရေး ကိရိယာများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြသခဲ့ပြီး လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

နေလင်းအောင်