ပဲခူးတိုင်းဒေသကြီး

လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌‌ရောင်စီမံကိန်း) ဖြင့် ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြောက်ဈေးဖလုံကျေးရွာရှိ မြောက်ဈေးဖလုံစိုက်/ထွေသမဝါယမအသင်းလိမိတက်တွင် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌‌ရောင်စီမံကိန်း) ဖြင့်ဆောင်းဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်သူဦးသန်းတင်၏ လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ(၄)နာရီအချိန်က အခြေခံပညအထက်တန်း‌ကျောင်း (အနောက်ရပ်)၌ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ မွန်းတည့် (၁၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ ညနေ(၄)နာရီအချိန်က အခြေခံပညာအထက်တန်း‌ကျောင်း(ကဝ)၌ ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အထိမ်းအမှတ်ဟောပြောပွဲ၊ ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အထိမ်းအမှတ် ဟောပြောပွဲ၊ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံက်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေရရှိ

ပဲခူးတိုင်းဒေသကြီး၊ ​ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ပေါင်းတည်၌ ဆန္ဒပြုမဲပေးနိုင်ရေး မဲရုံ‌နေရာများအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ပေါင်းတည်မြို့နယ်ရှိ မဲရုံနေရာများ ခြေအနေအား တာဝန်ရှိသူများ ယနေ့ နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

သနပ်ပင်မြို့တွင် ပါတီစုံရွေးကောက်ပွဲဆိုင်ရာအသိပညာပေး "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် "ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်နှင့် တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း၌ မြို့နယ်ပြည်သူအားကစားကွင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ မဲရုံလုပ်ငန်းများဆိုင်ရာ ကြိုတင်စီမံခန့်ခွဲ‌ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ပေါင်းတည်မြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ပြည်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (ပြည်) တို့ ပူးပေါင်း၍ AIနည်းပညာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (ပြည်) တို့ ပူးပေါင်း၍  AIနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး