တောင်ငူ ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ စိန်ပန်းမြိုင်ကျေးရွာ သီရိဓမ္မနန္ဒာဘုန်းကြီးကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က တောင်ငူမြို့နယ်အတွင်း ကလေးသူငယ်များ၏အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးစားပြုမူခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးမှုခံရခြင်းမှ ကာကွယ်ပေးနိုင်ရေးအတွက် ဆွေးနွေးပြောကြားပြီး တောင်ငူမြို့နယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး(ကိုယ်စား) ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား အသိပညာပေးဟောပြောဆွေးနွေးသည်။ ထို့နောက် တောင်ငူမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဇာခြည်အောင်၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ် (တောင်ငူ)မှ ဒုတိယရဲမှူး သန်းနိုင်ဦး၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ဟန်နီဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စိန်ပန်းမြိုင်ကျေးရွာရှိ ကလေးသူငယ်များနှင့် ၎င်းတို့၏မိဘများ စုစုပေါင်း(၂၀၀)ဦးခန့်အား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများ အသိပညာပေးဟောပြောဆွေးနွေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)