တောင်ငူမြို့နယ်၌ Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲဖြေဆို

တောင်ငူ ဖေဖော်ဝါရီ ၂၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-9 ၊ Grade-5 နှစ်ဆုံးစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအရဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌  Grade-9 Grade-5 နှစ်ဆုံးစာမေးပွဲကို ယမန်နေ့ ()နာရီအချိန်တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုသည်။

တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5 Grade-9 စာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး Grade-5 စာမေးပွဲစာစစ်ဌာန (၅၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၅၃၇၂)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၂၇%) Grade-9 စာမေးပွဲစာစစ်ဌာန (၁၀)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၀၂၆)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၉၀%)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)