ပဲခူး ဖေဖော်ဝါရီ ၂၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade(5)နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade(9) ကျောင်းသား၊ ကျောင်းသူများ၏ ဒုတိယနေ့ (အင်္ဂလိပ်စာ) စာမေးပွဲအား ယနေ့နံနက် ၉ နာရီတွင် ပဲခူးမြို့နယ်အတွင်းရှိ သက်ဆိုင်ရာကျောင်းများ၌ အေးချမ်းစွာဆက်လျက်ဖြေဆိုလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲတွင် ပဲခူးမြို့နယ်အတွင်းရှိကျောင်းများ၌ အခြေခံပညာမူလတန်းအဆင့် (Grade-5) တွင် စာစစ်ဌာန(၄၆) ခု၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) တွင် စာစစ်ဌာန (၁၂) ခု ဖွင့်လှစ်ထားပြီး အခြေခံပညာမူလတန်းအဆင့် (Grade-5) တွင် ကျောင်းသား၊ ကျောင်းသူ(၉၆၃၇)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် (Grade-9)တွင် ကျောင်းသား၊ ကျောင်းသူ (၂၁၁၉)ဦး ဖြေဆိုခဲ့ကြသည်။
အဆိုပါကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
ထက်အောင်လင်း (ပြန်/ဆက်)