အုတ်တွင်း ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဂွေးတောက်ခင်ကျေးရွာအုပ်စု၊ အနောက်ဇီးကုန်းကျေးရွာ၌ ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က ရှင်းလင်းပြောကြားခဲ့ပြီး၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးလုပ်ငန်းလုပ်ကိုင်သူ (၄၄)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၆၇)ဦး၊ စုစုပေါင်း အသင်းသား(၁၁၁)ဦးအား မြစိမ်းရောင်ရန်ပုံငွေကျပ် (၄၃၃၀၀၀၀၀) ကို တာဝန်ရှိသူအသီးသီးကပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)