သာယာဝတီမြို့နယ်၌ နွေစပါး (၄၄၀၈၈ )ဧက စိုက်ပျိုးပြီးစီး

သာယာဝတီ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ယခုနှစ်နွေစပါးရာသီတွင် နွေစပါးလျာထား (၄၅၃၄၅)ဧကကို  ဇန်နဝါရီလအတွင်းမှ စတင်ကာ မြို့နယ်အတွင်းရှိ တောင်သူများမှ စိုက်ပျိုးကြရာ (၄၄၀၈၈)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အောင်မြင်စွာဖြစ်ထွန်းနိုင်ရန်အတွက်  ဒေသခံတောင်သူများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများ နွေစပါးကို အခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် သွင်းအားစုများပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေရရှိရန်နှင့် ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲကြရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်းများအပြင် ပိုးမွှားကင်းစင်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်ရေး သတ်မှတ်ချက်အထွက်နှုန်းပြည့်မီရန်၊ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်စေရေး၊ ပေါင်းမြက်များကို အချိန်မီရှင်းလင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော်(ပြန်/ဆက်)