ရေတာရှည် ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များဖြစ်သော Regency စက်သုံးဆီဆိုင်၊ ဆန်းမြလင်းစက်သုံးဆီဆိုင်၊ puma စက်သုံးဆီဆိုင်နှင့် UMT စက်သုံးဆီဆိုင်အစရှိသည့် စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ အကြံပေးခြင်း၊ ဝန်ထမ်းများအား မီးဘေးအသိပညာပေးခြင်း၊ လက်တွေ့မီးငြိမ်းသတ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကောင်းထက်နှိင်နှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)