ရွှေကျင် ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးတွင် မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့်လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးကျော်အောင်နှင့်ဝန်ထမ်းများက မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးဘေးအန္တရာယ်ကြုံတွေ့ရပါက မီးငြိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေး၊ ကြိုတင်ကာကွယ်ရေးနှင့်လက်တွေ့သရုပ်ပြသခြင်းကို ရွှေကျင်မြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးမိုးကျော်သူနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး မီးသတ်ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)