ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအခြေခံ အားကစားသင်တန်းဖွင့်ပွဲကျင်းပ

အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်အားလပ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် နွေရာသီသင်တန်းများမှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံ အားကစားသင်တန်းကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ​နွေစပါး(၁၇၅၄၂)ဧကစိုက်ပျိုးရန်လျာထား

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် တောင်သူတစ်ဦးချင်းစီ၏ ဝင်ငွေနှင့် ဒေသဝမ်းစာဖူလုံမှုကို ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၄ -၂၀၂၅  ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧက(၁၇၅၄၂)ဧက စိုက်ပျိုးရန်လျာထားလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/ ကျောင်းသူ (၆၄၆) ဦး ဝင်ရောက်ဖြေဆိုမည်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၆၄၆) ဦး ဖြေဆိုခွင့်လျှောက်လွှာများတင်သွင်းထားကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅  ပညာသင်နှစ် အတွက်  Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်(၉)နာရီမှစတင်၍ သဲကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့ တောင်သူလယ်သမား‌နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲပြိုင်ပွဲနှင့် MSME ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်ကို ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအနီး၌ မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကို အခုလိုကြား သိခဲ့ရသည်။

ပဲခူးမြို့၌ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီအခြေခံနှင့်အဆင့်မြင့် အားကစားသင်တန်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အားကစားကွင်းတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးမြို့၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်၌ ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော်ကို ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယမန်နေ့ ညနေပိုင်းက စတင်ကျင်းပလျက်ရှိရာ ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မတ်လ(၁) ရက်နေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ပေါင်းတည်မြို့နယ် ပေါ်တော်မူဓမ္မာရုံကျောင်း၌ ကလေးစာကြည့်တိုက်နှင့်နွေရာသီ ကွန်ပျူတာအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက ပေါ်တော်မူဓမ္မာရုံကျောင်းတွင် ကလေးစာကြည့်တိုက်နှင့် နွေရာသီကွန်ပျူတာ ၊အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး