သဲကုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

သဲကုန်း မတ် ၃

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅  ပညာသင်နှစ် အတွက်  Grade- 5 နှင့် Grade- 9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်(၉)နာရီမှစတင်၍ သဲကုန်းမြို့နယ်အတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခရိုင်စစ်(Grade- 5) ကျောင်းသား/ကျောင်းသူများအတွက် စာစစ်ဌာန(၂၁)ခုဖွင့်လှစ်၍ မတ်လ ၃ ရက်မှ ၇ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် တိုင်းစစ်(Grade-9) ကျောင်းသား/သူများအတွက် စာစစ်ဌာန (၇)ခု ဖွင့်လှစ်၍ မတ်လ ၃ ရက်မှ ၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် အထွေထွေသိပ္ပံ ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ခရိုင်စစ်(Grade-5)စာမေးပွဲကို အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၁၃၆၆)ဦး၊ တိုင်းစစ်(Grade-9) စာမေးပွဲကို အခြေခံပညာကျောင်းများမှ ​ကျောင်းသား/ကျောင်းသူ(၁၀၀၇)ဦး ဖြေဆိုလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ‌ ဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျ ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)