ပဲခူးတိုင်းဒေသကြီး

ကျောက်ကြီးမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5၊ အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းအချိန်က စတင်ပြီး အခြေခံပညာဦးစီးဌာန၏ စီစဥ်မှုဖြင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade - 5၊ အခြေခံပညာအလယ်တန်းအဆင့် Grade -9 နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ မြန်မာကဗျာရေးစပ်နည်းအခြေခံကို သိရှိနားလည်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ အခြေခံကဗျာရေးစပ်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများစတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးစစ်ဆေးခြင်းစာမေးပွဲကို မတ်လ(၃)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ ပထမနေ့(မြန်မာစာ)ဘာသာရပ်အား ယနေ့နံနက်(၉)နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။  

ပန်းတောင်းမြို့နယ်၌ နွေရာသီလူငယ် အခြေခံအင်္ဂလိပ်စကားပြော၊ အခြေခံပန်းချီနှင့် ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့မစာကြည့်တိုက်တွင် ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီတို့မှကြီးမှူး၍ နွေရာသီလူငယ် အခြေခံအင်္ဂလိပ်စကားပြော၊ အခြေခံပန်းချီနှင့် ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade - 5 နှင့် Grade - 9 နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသား/ကျောင်းသူများက မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းအလှထိုးနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ပန်းအလှထိုးနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကိုယ်ဝန်ဆောင်စဥ်၊ မွေးဖွားစဥ်နှင့် မွေးပြီး မိခင်ပြုစုစောင့်ရှောက်ခြင်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကိုယ်ဝန်ဆောင်စဥ်၊ မွေးဖွားစဥ်နှင့် မွေးပြီး မိခင်ပြုစုစောင့်ရှောက်ခြင်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ (Grade - 5) နှင့် (Grade - 9) စာမေးပွဲများဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် (Grade - 5) နှင့် (Grade - 9) ပြီးမြောက်မှုစာမေးပွဲကို ယနေ့နံနက် ၉ နာရီကစတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် စတင်ဖြေဆိုလျက်ရှိသည်။

ရွှေကျင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် မတ်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ဖွင့်လှစ်‌ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး