သာယာဝတီမြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်

သာယာဝတီ မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ လေဘေးသင့် အိမ်ထောင်စုများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ထိုသို့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်နှင့်ဝန်ထမ်းများ၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ‌‌ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ချီကြီးကွင်းအုပ်စု၊ စည်ပင်ကျေးရွာအုပ်စု၊ ကြောင်ညှာကုန်းကျေးရွာ အုပ်စုတို့တွင် ဖြစ်ပွားခဲ့သော တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၅ဝ,၀၀၀)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၈၀,၀၀၀)ကျပ်၊ စုစုပေါင်း(၂၃၀,၀၀၀)ကျပ်အား လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)