အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

အုတ်တွင်း မေ ၁၃

ပဲခူးတိုင်း​ဒေသကြီး​၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် () နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ​အုတ်တွင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများအား စီမံကိန်းတာဝန်ပေးအပ်လွှာများကို မြို့နယ်စီမံကိန်းရေးဆွဲအကောင်အ ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအဏ္ဏဝါအောင်နှင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)