အုတ်တွင်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာခဲ့ရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဒုတိယအကြိမ် (ဖေဖော်ဝါရီလနှင့်မတ်လအတွက်) ထောက်ပံ့သော ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်ဇော်၊ အဖွဲ့ဝင်(၂) ဦးတင်ယု၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့သည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့ပေးအပ်သော တစ်ဦးလျှင် တစ်လငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ဖေဖော်ဝါရီလနှင့်မတ်လ နှစ်လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၄၀,၀၀၀ ကို အိမ်ထောင်စု(၃၄၀၈)စု၊ လူဦးရေ(၁၆၃၆၃)ဦးအတွက် ထောက်ပံ့ငွေများအား နေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)