တောင်ငူမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးပညာပေးဆိုင်းဘုတ်စိုက်ထူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ တောင်ငူခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။