မင်းလှမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ထောက်ပံ့ပေးအပ်

မင်းလှ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)ည နှုန်းစီထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)ကျပ်နှုန်းစီ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရေးအဖွဲ့ခေါင်းဆောင် ဦးလှဌေးနှင့်အဖွဲ့ဝင်များက မင်းလှမြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဖေဖော်ဝါရီလအတွက် နေရပ်စွန့်ခွာပြည်သူ(၅၃၈)ဦး၊ မတ်လအတွက် နေရပ်စွန့်ခွာပြည်သူ(၄၀၀)ဦး၊ စုစုပေါင်း(၉၃၈)ဦးအား တစ်ဦးလျှင် (၂၀၀၀၀)ကျပ်နှုန်းစီဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်ထံအရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)