တောင်ငူမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးပညာပေးဆိုင်းဘုတ်စိုက်ထူ

တောင်ငူ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် () အခြေခံပညာအထက်တန်းကျောင်းရှေ့၌ တောင်ငူခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် အခြေခံပညာဦးစီးဌာန၊ တောင်ငူခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆိုင်းဘုတ်ကို သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်သည်။

တောင်ငူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေ ၂၂ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး KG မှ Grade-12 ထိ ဗလာစာအုပ်၊ ခဲတံ၊ စာရေးကိရိယာများနှင့် KG မှ Grade-5 အထိ ကျောင်းဝတ်စုံများ အခမဲ့ပေးအပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)