ရွှေတောင်မြို့နယ်တွင် ၂၀၂၅/ ၂၀၂၆ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကျင်းပ

ရွှေတောင် မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၅/ ၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ၊မူလတန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးမှ က၂၀၂၅/ ၂၀၂၆ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသင်တန်းအား အ.ထ.က (ကြာနီကန်) ကျောင်းတွင် အလယ်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းသား (၂၁၀) ဦး၊ သင်တန်းနည်းပြ (၁၂) ဦး၊ အ.ထ.က (ရွှေတောင်) ကျောင်းတွင် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းသား (၇၁၄) ဦး၊ သင်တန်းနည်းပြ (၃၃) ဦးတို့အား (၁၈.၅.၂၀၂၅) ရက်နေ့မှ (၂၀.၅.၂၀၂၅) ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)