ကဝ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှု့အရည်အသွေးပိုမိုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကဝ) ၌ ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှု့အရည်အသွေးပိုမိုထိရောက်စေရန် အလယ်တန်းအဆင့်နည်းပြ ဆရာ၊ ဆရာမ (၄၄) ဦးတို့က အလယ်အဆင့် ဆရာ၊ ဆရာမ (၅၄၀) ဦးကိုလည်းကောင်း၊ မူလတန်းအဆင့် နည်းပြ ဆရာ/ဆရာမ (၂၄) ဦးက မူလတန်းအဆင့် ဆရာ၊ ဆရာမ(၃၆၀)ဦးတို့အား မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲဇော်ဟိန်း (ပြန်/ဆက်)