ပဲခူးတိုင်းဒေသကြီး

၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၅)ရပ်ကွက် အ.ထ.က (ဇီးကုန်း) ကျောင်းရှေ့တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌  မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချဆွေးနွေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊အထက(၁)၊အထက(၂)နှင့်အထက(၄)တို့၌ ခရိုင်ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာကျောင်းများမှ မူလတန်း၊အလယ်တန်းနှင့် အထက်တန်းအဆင့်ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မေလ ၂၀ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအတွက် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယမန်နေ့မွန်းတည့်(၁၁)နာရီအချိန်က အဆိုပါရုံး၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅-ခုနှစ်၊ မိုးရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေစတင်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများအား ၂၀၂၅ ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ထုတ်ချေးပေးလျှက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအတွက် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယမန်နေ့ မွန်းတည့်(၁၁)နာရီအချိန်က အဆိုပါရုံး၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့၌ Fitness Dance ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ Fitness Dance ပြိုင်ပွဲကို ယနေ့နေ့နံနက် ၉ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တံခါးမြို့နယ်တွင် မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးပို့ချ 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ဆက်လက်ဖွင့်လှစ်ပို့ချလျှက်ရှိသည်။

တောင်ငူမြို့နယ်၌ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် KG မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် စာမေးပွဲဖြေဆိုထားသည့် KG မှ Grade-11 အထိ ကျောင်းသား၊ကျောင်းသူများ၏ အောင်စာရင်း နေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ ကျောင်းသားကျောင်းသူများနှင့် မိဘများ လာရောက်ကြည့်ရှုကြသည်။

ထန်းတပင်မြို့နယ် စိမ်းလန်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ လာမည့်မိုးရာသီတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းကြောင့် အပူချိန်များ လျှော့နည်းစေနိုင်ရေးအတွက် ပျိုးပင်ပေါင်း (၂၅၀၀၀) ပင်ကို ဖြန့်ဝေပေးနိုင်ရေးအတွက် ပျိုးထောင်ထားရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး