မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲပြုလုပ်

မင်းလှ မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ကျောင်း အပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက်၇နာရီချိန်က အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်းကွေ့၌ စိုက်ထူခဲ့သည်။ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးလှဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ပညာ‌ရေးမှူး ဒေါ်ကြည်ကြည်ချိုနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများတို့က ဆိုင်းဘုတ်အား စိုက်ထူကာ  အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိဖြစ်ပြီး၊ အဆိုပါကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူရခြင်းမှာ ”ကျောင်းနေအရွယ်ကလေးများအားလုံး ပညာ‌ရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/သူများ၊ မိဘများ၊ ဆရာ/ဆရာမများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်စ