ပဲခူးတိုင်းဒေသကြီး

ဝေါမြို့နယ်၌ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး အသားတိုးဝက်မွေးမြူရေးခြံ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ၌ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် တာဝန်ရှိသူများသည် မေလ ၂၀ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၀)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းကပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၀)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးကြသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးအထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံးစဥ် ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့်ဘုရားအနီး မီးပွိုင့်လမ်းဆုံနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် စိုက်ထူခဲ့သည်။

ထန်းတပင်မြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာကို ယမန်နေ့ နံနက် ၉ နာရီက မြို့သစ်လမ်း၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။

ငလျင်ကြောင့် ပျက်စီးယိုယွင်းသွားသော ကညွတ်ကွင်းမြို့ရှိ သမိုင်းဝင် ငါးထပ်ကြီး မြတ်စွာဘုရားနှင့် ဂန္ဓကုဋီတိုက် ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ ငါးထပ်ကြီးမြတ်စွာဘုရားထိုင်တော်မူ ရုပ်ပွားတော်(ဘုရားကြီး)နှင့် ဂန္ဓကုဋီတိုက်သည် ငလျင်ကြောင့် ပျက်စီးယိုယွင်းသွားခဲ့၍ ရှေးမူမပျက်ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ပြင်ဆင်နေလျက်ရှိကြောင်း ဘုရားကြီးဂေါပကအဖွဲ့မှ သိရသည်။

ဒိုက်ဦးမြို့နယ်၌"ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့"မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ကုန်သည်ရပ်ကွက်၊မြို့ဝင်လမ်းရှိ သာသနာ့ဗိမ္မာန်ရှေ့လမ်းတွင် မေလ ၂၀ ရက်နေ့နံနက် ၈ နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း ၂၀၂၅−၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ "ကျောင်းနေအရွယ်ကလေးအားလုံးစဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့"ဟုရေးသားထားသည့် အလျား(၈)ပေ၊အနံ(၆)ပေရှိ ဆိုင်းဘုတ်(၁)ခုအား စိုက်ထူခဲ့သည်။

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် အိမ်ဆောက်ပစွစည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေလ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ် လက်ပံသုံးခွကျေးရွာ၌ ဆပ်ပြာခေါင်းလျှော် ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ဆပ်ပြာခေါင်းလျှော်ရည်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒိုက်ဦးမြို့နယ် လက်ပံသုံးခွကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ကျောက်ကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်းအနီး ဝဲပျံဘုန်းတော်ကြီးကျောင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ "ကျောင်းနေအရွယ် ကလေးများအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်အား ယမန်နေ့နံနက် ၇ နာရီအချိန်ခန့်က စိုက်ထူခဲ့သည်။

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူလတန်းအဆင့် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး