ဒိုက်ဦးမြို့နယ်၌"ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့"မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကျင်းပ

ဒိုက်ဦး မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ကုန်သည်ရပ်ကွက်၊မြို့ဝင်လမ်းရှိ သာသနာ့ဗိမ္မာန်ရှေ့လမ်းတွင် မေလ ၂၀ ရက်နေ့နံနက် ၈ နာရီအချိန်က ဒိုက်ဦးမြို့နယ်အတွင်း ၂၀၂၅−၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ "ကျောင်းနေအရွယ်ကလေးအားလုံးစဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့"ဟုရေးသားထားသည့် အလျား(၈)ပေ၊အနံ(၆)ပေရှိ ဆိုင်းဘုတ်(၁)ခုအား စိုက်ထူခဲ့သည်။

အခမ်းအနားသို့ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးမင်းကျော်ဉာဏ်ခိုင်နှင့် အထက်တန်း၊အလယ်တန်း၊ မူလတန်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။မြို့နယ် (ပြန်/ဆက်)