ထန်းတပင် မေ ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာကို ယမန်နေ့ နံနက် ၉ နာရီက မြို့သစ်လမ်း၌ စိုက်ထူခဲ့ကြကြောင်း သိရသည်။
အဆိုပါမြေစိုက်ပိုစတာအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါ တို့ဦးဆောင်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ ဆရာ/ဆရာမများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးနှင့် အဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ဖွင့်လှစ်ခဲ့ကြပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများကို မေလ ၂၂ ရက်နေ့မှ စတင်၍ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ဇွန်လ (၂) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများတွင် သင်ခန်းစာများ ကိုသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)