ဝေါမြို့နယ်၌ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး အသားတိုးဝက်မွေးမြူရေးခြံ ကွင်းဆင်းကြည့်ရှု

ဝေါ မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ၌ အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် တာဝန်ရှိသူများသည် မေလ ၂၀ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ဘုရားပျိုကျေးရွာ၊ ဦးလှမျိုးမြင့်၏ ဝက်မွေးမြူရေးခြံသို့ရောက်ရှိပြီး အသားတိုးဝက်မွေးမြူရေးခြံ၏ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဦးလှမျိုးမြင့်က ဝက်မွေးမြူထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ  မွေးမြူထားရှိမှုများအပေါ် လိုအပ်သည်များမှာကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေခြင်းကြောင့် ဝေါမြို့နယ်အတွင်းရှိ အသေးစားမွေးမြူရေးလုပ်ကိုင်သူများအနေဖြင့်  မွေးမြူရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)