အုတ်တွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ

အုတ်တွင်း မေ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးအထိမ်းအမှတ် ကျောင်းနေအရွယ်ကလေးအားလုံးစဥ် ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့်၊ ဘုန်းတော်တင့်၊ ဘုန်းတော်မြင့်ဘုရားအနီး မီးပွိုင့်လမ်းဆုံနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် စိုက်ထူခဲ့သည်။

အဆိုပါကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာတို့က အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ကြပြီး၊ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့သည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ () ရက်နေ့ထိ KGမှGrade-12 ထိ ကျောင်းသား/ ကျောင်း သူများအား အခမဲ့လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာဦးစီးဌာနမှလည်း KGမှGrade-12 ထိ ကျောင်းသား/ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများကိုလည်း ကျောင်းဝတ်စုံများ အခမဲ့ထုတ်ဝေပေးသွားမည်ဖြစ်ပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)