ပဲခူးတိုင်းဒေသကြီး

ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့ကျင့်မှုကောင်းမွန်စေရေး ကျောင်းကောင်စီအသင်းလိုက်၊ အတန်းလိုက် သင်ထောက်ကူ ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ အ.ထ.က(၁)အမျိုးသားကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူလေ့ကျင့်မှုလွယ်ကူစေခြင်း၊ သင်ခန်းစာများအတွက် ထိရောက်စေခြင်း၊ စည်းလုံးညီညာပျော်ရွှင်စွာ မိမိတို့၏ ပညာရေးအတွက် ယှဉ်ပြိုင်စိတ်များ ရှိစေရေးအတွက်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်ထောက်ကူပြိုင်ပွဲကို ယမန်နေ့၊ နံနက်(၇) နာရီအချန်မှ မွန်းလွဲ(၂)နာရီအချိန်ထိ အဆိုပါကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းများ ဆောင်ရွက်မှုကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူမြို့နယ်ဦးစီးအရာရှိ(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ ဆောင်ရွက်နေမှုကို သြဂုတ် ၂၆ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တောင်ငူခရိုင် သဘာဝဘေးအတွင်း ပျက်စီးဆုံးရှုံးသွားသော လမ်းတံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)၊ တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တောင်ငူမြို့နယ်ဦးစီးအရာရှိ(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်သဘာဝဘေးအတွင်း ပျက်စီးဆုံးရှုံးသွားသော လမ်းတံတားများကို သြဂုတ် ၂၆ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သဲကုန်းမြို့နယ်၌ ကာကွယ်ဆေးထိန်းသိမ်းသိုလှောင်မှုလုပ်ငန်းများ စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်ကာကွယ်ဆေးသိုလှောင်ခန်းအား ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမင်းထွေးမှ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများအား မျက်စိအတွင်းတိမ် အခမဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး၌ သြဂုတ် ၂၀ ရက်နေ့မှစတင်၍ မျက်စိဝေဒနာရှင် ၂၆၁ ဦးကိုစမ်းသပ်စစ်ဆေးခဲ့ပြီး မျက်စိအတွင်းတိမ်ခွဲစိတ်လူနာ ၅၂ ဦးအနက်မှ ၂၃ ဦးကို ယနေ့တွင် အခမဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးသည်။

ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မြို့မရဲစခန်း၊ ဥပဒေရုံးနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်​​ရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန် သြဂုတ်လ ၂၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အ.လ.က(ခွဲ)တပ်တွင်းကျောင်းတွင်အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ရွှေတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် အမှတ် (၁၄) ခြေမြန်တပ်ရင်း၌ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ မြေနီလမ်း ၂ လမ်းအား ကျောက်ချောလမ်းများအဖြစ် ပြင်ဆင်ဖောက်လုပ်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နေပြည်သူများသွားလာရေးလွယ်ကူစေရန်အတွက် မြို့နယ်အားကစားကွင်း၏အရှေ့လမ်းပိုင်းနှင့် အနောက်လမ်းပိုင်းအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် ပြင်ဆင်ဖောက်လုပ်လျက်ရှိကြောင်းသိရသည်။

ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆုံစည်းရာစာဖတ်ဝိုင်းကျင်းပ

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး