ဒေးဒရဲမြို့၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများမဲပေးပိုင်ခွင့် အခွင့်အရေးမဆုံးရှုံးစေရန်အတွက် လှုံ့ဆော်မှုပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။