ဟင်္သာတမြို့နယ်၌ ၂၀၂၆-၂၀၂၇ မိုးစပါးထွန်းတုံးပိတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

ဟင်္သာတ ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာအုပ်စု၊ ကရင်စုကျေးရွာတွင် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကွင်းအမှတ် ၁၅၁၅၊ ဦးပိုင်အမှတ်၂၉/၃၊ တောင်သူဦးလှစိုးပိုင် လယ်မြေ (၅) ဧကတွင် ၂၀၂၆-၂၀၂၇ မိုးစပါးထွန်းတုံးပိတ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်မြေစာရင်းဦးစီးဌာနတို့မှဝန်ထမ်းများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြပြီး အခမ်းနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှကြည်နှင့် မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေတို့က မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)