ဧရာဝတီတိုင်းဒေသကြီး

ကျုံပျော်မြို့၌ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်း ဆွေးနွေးပွဲကို ကျုံပျော်မြို့ ပြည်သူ့ အားကစားခန်းမ၌ ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။

ကျိုက်လတ်၌ ၂၀၂၇ -၂၀၂၈ ဘဏ္ဍာ‌ရေးနှစ် ဒေသန္တရ စီမံကိန်းအတွက် နိုင်ငံပိုင်အခန်း ရင်းနှီးမြှပ်နှံမှုအဆိုပြုချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာ‌ရေးနှစ် ဒေသန္တရ စီမံကိန်းအတွက် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှပ်နှံမှုအဆိုပြုချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့်ပြည်သူများအား ရောဂါရှာဖွေစမ်းသပ်ကာကွယ်ကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင်လ ၂၂ ရက်နေ့ ၊ နံနက် ၈ နာရီအချိန်က ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ကာကွယ်ကုသပေးလျက်ရှိသည်။

ဝါးခယ်မမြို့နယ်၌​ ဒေသန္တရစီမံကိန်း​ရေးဆွဲအ​ကောင်အထည်​ဖော်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊​မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်၌ ယ​မန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌​ဒေသန္တရ စီမံကိန်း​ ရေးဆွဲ အကောင်အထည်ဖော်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်​​​ရေး စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျိုက်လတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းနှင့် ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP) သင်တန်းကို ဇူလိုင် ၂၁ ရက်၊ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ၂၀၂၆/ ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူးချွန်ချွန်အောင်မြင် ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများ အား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၆/ ၂၀၂၇ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးထူးချွန်ချွန်အောင်မြင်ခဲ့ကြသော ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားပေးခဲ့သော ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် အ.ထ.က အဏ္ဏဝါ၊အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီဆောင်ခန်း မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်၌ စားအုန်းဆီ‌ဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချ‌ပေးနေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် မှန်ခြောက်မှန်နှင့် အညီရောင်းချစေရေး၊ လက်ဝယ်သိုလှောင်၍ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေးနှင့် စားအုန်းဆီ‌ဝယ်ယူခွင့်စာအုပ်ဖြင့် စနစ်တကျရောင်းချမှု ရှိ/မရှိတို့ကို ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ်ရှိ *WELCOME TO KANGYIDAUNT* ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး၊ မြို့ထိပ်တွင် *WELCOME TO KANGYIDAUNT* ဆိုင်းဘုတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်နှင့် အဖွဲ့က တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့နယ်ရုံးတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့်ပူးပေါင်း၍ “လူငယ်လမ်းညွှန်”  စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက စာပေ ချစ်မြတ်နိုးသူများအဖွဲ့ Book Club, Women Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ ကျော်စိန် ရေးသားသော “ လူငယ်လမ်းညွှန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး