ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် ကျောင်းသား/သူများအား စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင်စေရေး ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ဩဂုတ်လ(၂၁)ရက်နေ့ နေ့လယ်ပိုင်းအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။