အိမ်မဲမြို့နယ်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာ့ဗိမာန်ခန်းမတွင် မြန်မာ့ရိုးရာယဥ်ကျေးမှုကို ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်ပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု မြို့နယ် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ယမန်နေ့နံနက် (၈)နာရီအချိန်က ကျင်းပခဲ့သည်။