ညောင်တုန်း ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အခွန်ဆိုင်ရာရှင်းလင်းပွဲကို ဩဂုတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ဦးညီညီလှိုင်က အခွန်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားရာတွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာပြဋ္ဌာန်းချက်များနှင့် စားသောက်ဆိုင်လုပ်ငန်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ ရွှေနှင့် လက်ဝတ်ရတနာများရောင်းချခြင်းလုပ်ငန်းများ၊ လက်ကိုင်ဖုန်း (Handset) များနှင့် ဆက်စပ် ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက်ခြင်းအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ဝင်ငွေခွန်ပေးဆောင်ခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)