ငပုတောမြို့နယ်ဖျန်ရေကျော်ကျေးရွာအုပ်စု၌ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ရရှိရေး ရည်မှန်းချက် မိုးစပါးပေါင်းလိုက်တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းကျော်လွန်ရရှိရေးရည်မှန်းချက် မိုးစပါးပေါင်းလိုက် တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဖျန်ရေကျော်ကျေးရွာအုပ်စုကွင်းအမှတ် ၁၃၇၂(က)၊ဦးပိုင်အမှတ် (၁၈/၁) တောင်သူဦးသိန်းထွေး၏ လယ်မြေ(၂)ဧကရှိ နယူးဧရာ၁၁) မိုးစပါးစိုက်ခင်းတွင်ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးသည်။