ကျိုက်လတ်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ကျိုက်လတ် ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကညင်ကိုင်းကျေးရွာအုပ်စု၊ ကညင်ကိုင်းကျေးရွာ ဓမ္မာရုံတွင် ဩဂုတ်လ (၂၂)ရက်၊ နေ့လယ်ပိုင်းက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်နိုင်က မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုတက် စေရန် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ အသုံးပြုနည်း၊ ဆန္ဒမဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (ကညင်ကိုင်း၊ ဒေါပုံ၊ ကျုံလမု၊ ကွန်ပလိုင်းရွာသစ်၊ ကွန်ပလိုင်း၊ ကွင်းချောင်းကြီး) ကျေးရွာအုပ်စုမှ လူဦးရေ (၈၇၄) ဦးခန့် တက်ရောက်၍ မဲဆန္ဒရှင်ပြည်သူများက လက်တွေ့မဲပေးလေ့လာခဲ့ကြသည်။ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်‌‌ မဲပေးခြင်းများကို ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)