ဧရာဝတီတိုင်းဒေသကြီး

မော်လမြိုင်ကျွန်းမြို့နယ်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓမြို့ဦးစေတီတော်ဝန်းအတွင်း၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကညင်ဆိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

မြောင်းမြမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ ပြင်ဆင်ထုတ်ပေးသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရ ပြင်ဆင်ထုတ်ပေးသည့်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များပေးအပ်ပွဲကို ဇူလိုင်လ ( ၁၁ ) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်က မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဒေါ်တင်မြဓမ္မာရုံတွင် ဇူလိုင် ၁၁ ရက်က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်  MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းလမ်းညွှန်ချက် သင်တန်းဖွင့်ပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး MSME အေဂျင်စီမှ ကြီးမှူးကျင်းပသော “ MSME လုပ်ငန်းရှင် များအတွက် လုပ်ငန်းလမ်းညွှန်ချက် (SME Toolkit)" သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ကျင်းပသည်။

မအူပင်မြို့၌ Si Pwar Trading Co.,Ltd မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရာသီ Rice Export Zone စီမံကိန်းတွင် Exporter ကုမ္ပဏီအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည့် Si Pwar Trading Co.,Ltd မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အိမ်မဲမြို့နယ် အ-ထ-က(ခွဲ)ရုံးတောတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရုံးတောကျေးရွာ၊ အ-ထ-က(ခွဲ) ရုံးတောကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အစမ်းလေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ)၌ ပဉ္စမအကြိမ်မြောက် အောင်လက်မှတ်ပေးအပ်ပွဲ အစမ်းလေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ် ရွှေဘိုစုကျေးရွာ၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ သာယာဝဲ ကျေးရွာအုပ်စု၊ ရွှေဘိုစု ကျေးရွာ၊ ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား One  Health Approach ဖြင့် ဆောင်ရွက်ရေး အသိပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား One  Health  Approachဖြင့်ဆောင်ရွက်ရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး