ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံမြို့နယ်တွင် သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။