ကျိုက်လတ်မြို့နယ် ရွှေဘိုစုကျေးရွာ၌ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ

ကျိုက်လတ် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ သာယာဝဲ ကျေးရွာအုပ်စု၊ ရွှေဘိုစု ကျေးရွာ၊ ဝေဠုဝန် ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပခဲ့ရာ လွှတ်‌တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးကြည်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦး ဇော်ဝေထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)