ဒေးဒရဲမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေး

ဒေးဒရဲ နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ ပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းများအပေါ်  ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်မှုများပြုလုပ်၍  ထပ်မံကပ်ထားကြေညာထားသည့် ဒုတိယအကြိမ် မဲစာရင်းများအား အောက်တိုဘာလ (၂၁) ရက်နေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌  စတင်၍ကပ်ထားကြေညာထားလျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရာတွင် ပထမအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းအပေါ် အမည်စာရင်း မပါ၀င်သူများက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါ အချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ စိစစ်ဆောင်ရွက်ပြီးစီးခဲ့သည့် ဒုတိယအကြိမ် မဲစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ (၂၀၂၅) ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရသည်။

အေဇာလင်း