ငရုတ်ကောင်းမြို့၌ မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်) ကပ်ထားကြေညာ

ငရုတ်ကောင်း နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ မြို့ပေါ်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်စာရင်းများ (ဒုတိယအကြိမ်)အဖြစ် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ကပ်ထားကြေညာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများ၊ မဲဆန္ဒရှင်များအချက်အလက်များ ပြင်ဆင်လိုသူများ၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထုတ်ပြန်ကြေညာသည့် ကာလအတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်းနှင့် ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက်ပြီးပါက အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်း (တတိယအကြိမ်) ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာသွားမည်ပါ‌ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)