ချောင်းသာမြို့တွင် ဒုတိယအကြိမ် မဲစာရင်းများထုတ်ပြန်ကြေညာ

ချောင်းသာ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များမဲပေးရာတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေငြာခြင်းကို ချောင်းသာမြို့ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်ထားသောနေရာများတွင် တာဝန်ရှိသူများမှ ကပ်ထားကြေညာမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမဲစာရင်းများကို နိုဝင်ဘာလ (၂၁)ရက်မှ ဒီဇင်ဘာလ (၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာပေးသွားမှာဖြစ်ပြီး ပထမအကြိမ်၌ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်မှုမရှိသေးသော ပြည်သူများမှ သက်ဆိုင်ရာနယ်မြေအလိုက် မဲဆန္ဒရှင်စာရင်းများတွင် မိမိတို့အမည်များ ပါ၊ မပါလာရောက်ကြည့်ရှုလျက်ရှိကြသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခြင်းမရှိသေးသည့် ပြည်သူများရှိပါက ထပ်တိုးစာရင်းပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်များ၏ အချက်အလက်များ ပြင်ဆင်လိုပါက ပုံစံ (၄-ဂ) ဖြင့်လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျှင်း၍ကန့်ကွက်လိုပါကပုံစံ (၄)ဖြင့်လည်းကောင်း ဖြည့်စွက်ကာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အခမဲ့ရယူ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)