မြန်အောင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်

မြန်အောင် နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို နိုဝင်ဘာလ ၂၃ ရက်နေ့က မြန်အောင်မြို့ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းကို မြန်အောင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ဆရာဆရာမများနှင့်တာဝန်ရှိသူများ တက်ရောက်လျက်ရှိပြီး သင်တန်း ကို(၂)ရက်သင်ကြားပေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ညွန့်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှေရည်ဖြိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က  မဲပေးစက်၏ ဖွဲ့စည်းတည်ဆောက်ပုံMEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့် လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာအခက်အခဲဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင် အသုံးပြုပုံ Video Clip ကို Power Point ဖြင့်ရှင်းလင်းပြသခဲ့ပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုလက်တွေ့တပ်ဆင်အသုံးပြုခဲ့ကြသည်။

ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့်ဆင့်ပွားသင်တန်းတွင်  မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)