ဒေးဒရဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း (ပြင်ပ)ရှိ နွေစပါးစိုက်တောင်သူများအား သွင်းအားစု ဓာတ်မြေသြဇာအိတ်များ ပေးအပ်

ဒေးဒရဲ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းဖြင့် ဆောင်ရွက်ခြင်း မရှိသည့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် လိုအပ်သော သွင်းအားစု ဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက လေးအိမ်ကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးသန်းမြတ်စိုးလယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြန့်ဖြူးပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က နိုင်ငံစီးပွားမြှင့်တင်ရေး စီမံကိန်းပြင်ပရှိ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအား စပါးအထွက်နှုန်းတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော  ယူရီးယားဓာတ်မြေသြဇာအိတ်များ စျေးနှုန်းချိုသာစွာဖြင့် တောင်သူများလက်ဝယ်သို့ အချိန်မီထောက်ပံ့ဖြန့်ဖြူးပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်လင်းဟောပြောခဲ့ပြီး နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် လေးအိမ်ကုန်းကျေးရွာအုပ်စုရှိ နွေစပါးစိုက်ဧက (၁၈၀၀) အတွက်  ယူရီးယားဓာတ်မြေသြဇာအိတ် တောင်သူများ လက်ဝယ်ရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

အေဇာလင်း