ငရုတ်ကောင်းမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ငရုတ်ကောင်း နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများအား ဒုတိယအကြိမ်ထုတ်ပြန်ကြေညာကပ်ထားမှုများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက ရပ်ကွက်၊ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများ၊ မဲဆန္ဒရှင်များအချက်အလက်များပြင်ဆင်လိုသူများ၊ မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည်များကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထုတ်ပြန်ကြေညာသည့်ကာလအတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်းနှင့် ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်းများဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း(တတိယအကြိမ်) ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာသွားမည်ပါ‌ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)