ကြံခင်း နိုဝင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုက်ချုပိရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ယမန်နေ့က အရှိုချင်းတိုင်းရင်းသား ကောက်သစ်စားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကြံခင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အခမ်းအနားပြင်ဆင်ရေး၊ ကြိုဆိုဧည့်ခံကျွေးမွေးရေး၊ ဖျော်ဖြေရေးလုပ်ငန်းများနှင့် ရပ်ဝေးမှလာရောက် မည့်အဖွဲ့များအား ယာယီတည်းခိုရန်စီစဉ်နေရာထားရှိမှုတို့ကို ရှင်းလင်းတင်ပြပြီး၊ ချင်းတိုင်းသား များကိုယ်စား အကြီးအကဲ တစ်ဦးက ယခုလိုမိမိတို့အတွက် ဝိုင်းဝန်း၍ ဆောင်ရွက်ပေးကြသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပွဲတော်ကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်ဖက် တစ်လမ်းမှ လက်တွဲကာ ကျရာတာဝန်ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်းက ပွဲတော်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စများနှင့် ကောက်သစ်စားပွဲတော်သို့ လာရောက်မည့် ရပ်ဝေးမြို့နယ်များမှ အရှိုချင်းတိုင်းရင်းသားများ သွားလာရေး အခက်အခဲမရှိစေရေး ကူညီပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး၊ အခမ်းအနားသို့ တက်ရောက်လာကြသော ကော်မတီများ၊ ဌာဆိုင်ရာများ က အသီးသီးဆွေးနွေးတင်ပြကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ တင်ပြဆွေးနွေးမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး၊ ပွဲတော် ကျင်းပမည့်နေရာအား သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)