ကြံခင်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန် မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကြံခင်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာမူလအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ပိုင်းက အဆိုပါကျောင်းရှိ စာသင်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည်စုံလာစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုများအား ပြောကြားခဲ့ပြီး​နောက် “လူငယ်နှင့် ဗဟုသုတအဖြာဖြာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ထို့နောက် ဆရာ ဦးနောင်နောင်(ကာယနည်းပြ)က “အားကစား၏ကျောင်းကျိုးများ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းသိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)